အမျိုးသမီး ဆယ့်ခြောက်ယောက်က ကမ္ဘာကျော်မျက်လှည့်ဆရာ ဒေးဗစ်ကော်ပါဖီးလ်ကို အဓမ္မကာမရယူတယ်လို့စွပ်စွဲ
ကမ္ဘာကျော်မျက်လှည့်ဆရာတဦးဖြစ်တဲ့ ဒေးဗစ်ကော်ပါဖီးလ်ကို အမျိုးသမီးဆယ့်ခြောက်ဦးကလိင်ပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီး အဓမ္မကာမရယူခြင်းအပါအဝင် မသင့်တော်တဲ့အပြုအမူတွေပြုလုပ်ခဲ့တယ်လို့ စွပ်စွဲလိုက်ပါတယ်။မျက်လှည့်ဆရာရဲ့ရှေ့နေကတော့ ဒီစွပ်စွဲ ချက်တွေက မလျော်ကန်တဲ့ စွပ်စွဲမှုတွေဖြစ်ကြောင်းနဲ့လုံးဝမှားယွင်းကြောင်း ငြင်းဆိုထားပါတယ်။မှော်ဆရာက အမျိုးသမီးတွေကို လိင်ပိုင်းဆိုင်ရာအကျင့်ပျက်ခြစားမှုနဲ့ပတ်သက်ပြီးရင်ဆိုင်နေရကြောင်းကို ဗြိတိန်ရဲ့ ဂါးဒီးယန်းသတင်းစာကနေ စုံစမ်းစစ်ဆေးသိရှိရပါတယ်။ အဆိုပါစွပ်စွဲချက်များမှာ “လိင်ဆက်ဆံဖို့ အလိုမတူဘူးလို့ ယူဆရသူ အမျိုးသမီးသုံးဦးကိုလှည့်စားဖို့ ဆေးခတ်ခဲ့တယ်” ဆိုတဲ့စွပ်စွဲချက်များပါဝင်ပါတယ်။အရင်ကလည်း ဒီလိုစွပ်စွဲမှုမျိုးကို ရင်ဆိုင်ခဲ့ရပါသေးတယ်။ […]